×
×

မြန်မာ့မီးရထားအကြောင်း

မြန်မာ့မီးရထား

ရည်မှန်းချက်တာ၀န်။

           မြန်မာ့မီးရထား၏ အဓိကလုပ်ငန်းတာ၀န်မှာ ခရီးသည်နှင့် ကုန်စည် များကို လုံခြုံချောမွေ့စွာဖြင့် သယ်ယူပို့ဆောင်ပေးရင်း နိုင်ငံတော်၏ဘက်စုံ၊ ကဏ္ဍစုံမှ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုရန်ပင်ဖြစ်ပါသည်။ တစ်ချိန်တည်းတွင် လူ၊ ပစ္စည်းနှင့် ငွေကြေးစသော သယံဇာတ များကို မလေမလွင့် အကျိုးရှိစွာ အထိရောက်ဆုံးသုံးစွဲရေး၊ ဈေးကွက်စီးပွားရေး မူဝါဒနှင့်အညီ ယှဉ်ပြိုင် ရသော အခြေအနေတွင် စီးပွားရေးဆန်ဆန် ယှဉ်ပြိုင်နိုင်ကာ ခရီးသည်နှင့်ကုန်စည်ကို လုံလောက် စွာနှင့် ထိရောက်စွာ သယ်ယူပို့ဆောင်နိုင်သော အဖွဲ့အစည်း ဖြစ်လာစေရေးတို့အတွက် ရည်မှန်းချက် (၁၁)ချက်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါသည်။

နောက်ခံသမိုင်း

(က)   ၁.၅.၁၈၇၇ ရက်နေ့တွင် Irrawaddy State Railway အနေဖြင့် ရန်ကုန်-ပြည် (၁၆၁)မိုင်အား A01 ရေနွေးငွေ့စက်ခေါင်းဖြင့် စတင်ပြေးဆွဲပြီး မြန်မာနိုင်ငံ၏ ပထမ ဦးဆုံးသော ရထားလမ်းကို စတင် ဖွင့်လှစ်ခဲ့ပါသည်။

( ခ )  ၁၈၉၆ ခုနှစ်တွင် Irrawaddy State Railway သည် Burma Railway Co. Ltd ; သို့ ရထားသွားလာမှုနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် ငှားရမ်းခဲ့ပါသည်။ ငှားရမ်းခကာလကုန်ဆုံးသည့် ၃၁.၁၂.၁၉၂၈ ရက်နေ့မှစ၍ Indian Railway Board လက်အောက်သို့ လွှဲပြောင်းပေးခဲ့ပါသည်။

( ဂ )  ၁၉၃၇ခုနှစ်တွင် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံမှ ခွဲထွက်ခွင့်ရရှိသည်နှင့်အညီ မြန်မာ နိုင်ငံအစိုးရသည် Burma Railway Board ကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

(ဃ)   ၁၉၄၂ ခုနှစ်တွင် British Governor သည် Burma Railway Boardတာ၀န်နှင့် လုပ်ပိုင်ခွင့်များအား Chief Railway Commissioner သို့ လွှဲပြောင်းပေးခဲ့ပါသည်။

( င )  ၄.၁.၁၉၄၈ ရက်နေ့ လွတ်လပ်ရေးရရှိပြီးနောက် ငွေစာရင်းမင်းကြီးအား (Financial Commissioner, Lands and Rural Development) Railway Board ၏ ဥက္ကဋ္ဌ (Chairman)အဖြစ် ခန့်အပ် တာ၀န်ပေးခဲ့ပါသည်။

( စ )  ၁.၁၂.၁၉၅၁ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ မီးရထားဘုတ်အဖွဲ့ အက်ဥပဒေ ပြဌာန်းပြီး ပြည်ထောင်စုမြန်မာနိုင်ငံ မီးရထားဘုတ်အဖွဲ့ (Union of Burma Railway) အား ဖွဲ့စည်း၍ အချိန်ပြည့် ဥက္ကဋ္ဌကို ခန့်အပ်တာ၀န်ပေးခဲ့ပါသည်။ အဆိုပါ ဥက္ကဋ္ဌသည် Chief Executive Officer တာ၀န်ကိုပါ ထမ်းဆောင်ရပါသည်။

(ဆ)   ၁၉၇၂ ခုနှစ်တွင် မြန်မာ့မီးရထားကော်ပိုရေးရှင်း (Burma Railway Corporation) အမည်ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ဦးဆောင်ညွှန်ကြားရေးမှူးမှ ဦးဆောင်၍ စီမံခန့်ခွဲရေးကော်မတီဖြင့် စီမံအုပ်ချုပ်စေခဲ့ပါသည်။

( ဇ )   ၁၈.၈.၁၉၈၈ ရက်နေ့ နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ နိုင်ငံတော်၏ တာ၀န်ကို လွှဲပြောင်းရယူခဲ့ပြီးနောက် ၁.၄.၁၉၈၉ ရက်နေ့တွင် မြန်မာ့မီးရထားဟု ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

( ဈ )    မြန်မာ့မီးရထားသည် ဗြိတိန်နိုင်ငံထက်(၅၂)နှစ်၊ အိန္ဒိယနိုင်ငံထက်(၂၄)နှစ် နောက်ကျပြီး ရထားလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၂ခုနှစ်တွင်(၁၃၅)နှစ် ရှိခဲ့ပြီးဖြစ်ပါသည်။ အရှေ့တောင်အာရှနိုင်ငံ ရထားလုပ်ငန်းများတွင် သက်တမ်းရင့်သည့် ရထားလုပ်ငန်းတစ်ခု အဖြစ် တည်ရှိပါသည်။

 

         
         
         
         
         

 

ဖွဲ့စည်းပုံပြ ဇယား

Restricted access