×
×

မြို့ပတ်ရထား(၃)စင်းခဲပေါက်ခံရမှုဖြစ်ပွား

မြို့ပတ်ရထား(၃)စင်းခဲပေါက်ခံရမှုဖြစ်ပွား

နေပြည်တော် နို၀င်ဘာ ၁၃ ရက်

          ရန်ကုန်မြို့ပတ်နယ်မြေ၊ မလွှကုန်းနှင့်မေတ္တာညွှန့်ဘူတာကြား မိုင်တိုင်အမှတ်၂/၁၄၁၅ကြားတွင် မြို့ပတ်ရထား(၃)စီးခဲပေါက်ခံရမှုဖြစ်ပွားခဲ့ပါသည်။

            နိုဝင်ဘာလ (၁၂)ရက်နေ့တွင် မြို့ပတ်ရထားအမှတ်(န/၉) သည်ည(၇)နာရီ  (၂)မိနစ်ချိန်တွင်လည်းကောင်း၊ရထားအမှတ်(ဂ/၆)သည်  ည(၇)နာရီ(၁၀)မိနစ်တွင် လည်းကောင်း၊ရထားအမှတ်(စ/၁၂) သည် ည(၇)နာရီ(၁၆) မိနစ်တွင် လည်းကောင်း အသီးသီးခဲဖြင့်ပစ်ပေါက်ခံခဲ့ရပါသည်။

            အဆိုပါဖြစ်စဉ်အပေါ် မြန်မာ့မီးရထား၊ ရထားလိုက်ရဲများမှမလွှကုန်းဘူတာရှိရထားရဲတပ်ဖွဲ့ သို့ချက်ချင်းအကြောင်းကြား၍  တရားခံများအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိရာပန်းတနော်မြို့နယ်ရွှေဒင်္ဂါးကျွန်းရွာမှ ဦးဘိုဘိုအောင်  အသက်(၂၁)နှစ် (အဘ)ဦးဉာဏ်၀င်း၊ မှတ်ပုံတင်မရှိကျပန်းလုပ်သားနှင့်  ဦးထွန်းလင်းနိုင် ၊အသက်(၂၃)နှစ် (အဘ) ဦးပိုကာ၊မှတ်ပုံတင်အမှတ်၊၁၄/ပတန(နိုင်)၁၆၈၇၁၄ ၊ ကျပန်းလုပ်သားတို့အားလည်းကောင်း၊ ဒဂုံအရှေ့  ၊  သာယာဝတီလမ်း ၊အမှတ်(၅၃)နေ ဦးအောင်ဘိုမင်း၊  အသက်(၂၄)နှစ် (အဘ)  ဦးစိန်လှိုင် ၊ မှတ်ပုံတင်အမှတ်၊၁၄/ဝခမ(နိုင်)၈၇၃၈၀၈၊ ကျပန်းလုပ်သား တို့အား လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

            အဆိုပါဖြစ်စဉ်ကြောင့်  မြို့ပတ်ရထားအမှတ်(ဂ/၆)ရထား၏အတက်အဆင်းတံခါးမှန်ကွဲပြီးပျက်စီးမှု    တန်ဘိုး(၅)သောင်းကျပ်၊   ခရီးသည်နှင့် ရထား၀န်ထမ်းများ   ထိခိုက်မှုမရှိကြောင်းနှင့် အဆိုပါ တရားခံများအား ရန်ကုန်ဘူတာကြီး ရထားရဲစခန်း၌ အမှုတွဲအမှတ်(ပ/၂၉/၂၀၁၄)ဖြင့်အမှုဖွင့် အရေးယူထားကြောင်းသတင်းရရှိပါသည်။

 

မြန်မာ့မီးရထား